ရွှေတိဂုံစေတီတော်သမိုင်းကြောင်း

၁၈၃၀ ပြည့်လွန်နှစ်များတွင် ရဟန်းပညာရှိ၊ ပုဏ္႑ား ပညာရှိ၊ လူပညာရှိ တို့ဝိုင်းဝန်း  ရေးသားပြုစုခဲ့သော မှန်နန်းမဟာရာဇဝင်တော်ကြီး၌ ဖော်ပြချက်အတိုင်း ရွှေတိဂုံဘုရားကြီး စတင်ပေါ်ပေါက်လာပုံကို ရေးသားထားခြင်းဖြစ်သည်၊၊

ဗုဒ္ဓဝင်တော်အရ လွန်လေပြီးသော နှစ်ပေါင်း ၂၅၀၀ ကျော်ခန့်က သိဒ္ဓတ္တမင်းသားသည် သစ္စာလေးပါးကို သိမြင်တော်မူပြီးသည့်နောက် ဘုရားအဖြစ်သို့ ရောက်ရှိခဲ့လေသည်။

ထိုသစ္စာလေးပါးမြတ်တရားဟူသည်မှာ

၁) ဒုက္ခအရိယ သစ္စာ (ဆင်းရဲခြင်းဟူသောအမှန်တရား)
၂) ဒုက္ခသမုဒယအရိယ သစ္စာ (ဆင်းရဲဖြစ်ကြောင်း အမှန်တရား)
၃) ဒုက္ခနိရောဓအရိယ သစ္စာ (ဒုက္ခ၏ချုပ်ရာ အမှန်တရား)
၄) ဒုက္ခနိရောဓဂါမိနီပဋိပဒါအရိယ သစ္စာ (ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအကျင့်ဟူသော အမှန်တရား) ဟူ၍ဖြစ်ပေသည်။

မွန်တို့ဌာနေ အသိဉ္စနမြို့မှလာသော တဖုဿ      နှင့် ဘလ်္လိက ခေါ် ကုန်သည်ညီနောင် နှစ်ဦးတို့သည် ရေလမ်းခရီးမှကုန်များကိုတင်ဆောင်လာပြီးနောက် ကုန်လှည်း အစီးငါးရာဖြင့် ကုန်အရောင်းအဝယ်ပြုရန် ထွက်လာကြလေသည်။

ဤသို့ဖြင့် လင်းလွန်းပင်ရင်း၌ သတင်းသုံး ထိုင်နေတော်မူနေသော မြတ်စွာဘုရားရှင် ရှိရာအရပ်သို့ ရောက်ရှိလာကြလေသည်။ ထိုအချိန်သည် မြတ်စွာဘုရား ဘုရားအဖြစ်သို့ရောက်ရှိပြီး ၄၉ရက်ကြာကာလဖြစ်သည်။ ညီနောင်နှစ်ဦးမှ ဘုရား ရှင်အား ပျားမုန့်ထုပ်များကပ်လှူကြလေသည်။

ဘုရားရှင် မုန့်များကိုသုံးဆောင်ပြီးသည့်နောက် ညီနောင်နှစ်ဦးတို့သည် ဘုရားရှင်ထံမှ လက်ဆောင်ကိုတောင်းခံကြလေ၏။ ထိုအခါ မြတ်စွာဘုရားသည်ဆံတော် (၈)ဆူကို ဦးခေါင်းတော်မှ လက်တော်ဖြင့်သပ်ယူကာ ပေးသနားတော်မူလေသည်။ မြတ်စွာဘုရား၏ဆံတော်တစ်ဆူစီသည် မဇိ္ဈမဒေ​သ​တိုင်းတာနှုန်းအရ လက်ရှစ်သစ် (သို့) (၆) လက်မဝန်းကျင်ခန့် အရှည်ရှိကြ၏၊၊

ထို့နောက် ညီနောင်နှစ်ဦးသည် ဆံတော်များကို ပတ္တမြားကြုတ်အတွင်းသို့ထဲ့ပြီး လာရာလမ်းအတိုင်း လှည်းများ လှေများ ဖြင့် ပင့်ဆောင်သွားကြသည်။လမ်းခရီး၌  အဇ္ဈတ္တန ပြည်သို့အရောက်တွင် မင်းကြီးမှနေ၍ဆံတော်နှစ်ဆူကိုတောင်းခံ ရယူခဲ့လေသည်။ ထို့နောက် ရေလမ်းဖြင့် ဆက်လက်ခရီးနှင်လေရာ မြန်မာပြည်တောင်စွန်းရှိ နေဂရိသက် အငူသို့ ရောက်ရှိ သောအခါ ဇေယျသေနအမည်ရှိ နဂါးမင်းကလည်း ဆံတော်နှစ်ဆူကို အလှူခံပြီး နာဂပူရနဂါးပြည်သို့ သယ်ဆောင်သွားလေသည်။

ကျန်ရှိသော ဆံတော် (၄) ဆူထည့်ထားသည့် ပတ္တမြားကြုတ်ကို ပုလဲများအသုံးပြု၍ စေတီပုံစံတည်ထားကြောင်း ညီနောင်နှစ်ဦးမှ ဥက္ကလာပမင်းကြီးထံ သတင်းကောင်းပါးလေသည်။ ထိုအခါမင်းကြီးသည် ဆင်၊မြင်း၊ စစ်ရထား နှင့် ခြေလျင်တပ်တို့ ဝန်းရံလျှက် ရောက်ရှိလာပြီး ပုလဲစေတီတော်ကို သစ္စာအဓိဋ္ဌာန်ပြုကာ ရိုသေမြတ်နို်းစွာဖြင့် လက်ယာရစ် လှည့်လည်ပူဇော် လေသည်။ မင်းကြီးပြုသော သစ္စာအဓိဋ္ဌာန်ကြောင့် ဆံတော်များပွားလာကာ နဂိုရှိသော ပမာဏအတိိုင်း (၈)ဆူပြန်လည်ဖြစ်ပေါ်သွားလေသည်။

ထို့နောက် မင်းကြီးနှင့် ညီနောင်နှစ်ဦးတို့သည် ဆံတော်မြတ်များကို သယ်ဆောင်ပြီး အသိဉ္စနမြို့သို့ပြန်ကြလေသည်။ သက္က သကြားမင်း၊ ဥက္ကလာပ မင်းနှင့် ညီနောင်နှစ်ဦးတို့သည် ဆံတော်ရှစ်ဆူကို ယခင်ပွင့်ခဲ့ပြီးသောဘုရားသုံးဆူ၏ အသုံးဆောင်ပစ္စည်းများဖြစ်သော ကကုသန် ဘုရား၏ တောင်ဝှေးတော်၊ ကောဏာဂုံဘုရား၏ ရေစစ်တော် ကဿပ ဘုရား၏ ရေသနုပ်တော် တို့နှင့်အတူ အသိဉ္စနမြို့၏အရှေ့ဘက်တွင်ရှိသည့်သိင်္ဂုတ္တရကုန်းတော်ပေါ်တွင် စေတီအဖြစ် တည်၍ ထည့်သွင်း ဌာပနာရန်သဘောတူဆုံးဖြတ်ခဲ့ကြလေသည်။

ဌာပနာထည့်သွင်းခြင်းကို တပေါင်းလပြည့် ဗုဒ္ဓဟူးနေ့တွင်ပြုလုပ်ခဲ့ကြသည်။  ဌာပနာတိုက် တည်ဆောက်ရန်အတွက် ဇောက်(၄၄)တောင်၊အနံ (၄၄) တောင်ရှိသည့် ဥမင်လိုဏ် ခေါင်းတစ်ခုကို တူးခဲ့၏။ ဌာပနာတိုက်အတွင်းတွင် အမျိုးမျိုးသော ကျောက်မျက် ရတနာများကို ဒူးခေါင်း အထိမြှပ်အောင် ဖြည့်သွင်းခဲ့သည်။ ထိုရတနာများပေါ်တွင် ဌာပနာပစ္စည်းများ ထဲ့ထားသော ရတနာလှေကိုထားရှိလေသည်။

ရွှေကျောက်ဖျာကို ဌာပနာတိုက်၏အပေါ်မှဖုံးအုပ်စေ၍ (၄၄) တောင်အမြင့်ရှိ ရွှေရောင် တဝင်းဝင်းထနေသည့် စေတီကိုတည်ထားခဲ့လေသည်။ ထိုစေတီအပေါ်မှနေ၍ ငွေရောင်စေတီ၊ ထို့နောက် ရွှေနှင့်ကြေးနီရောစပ်ထားသောစေတီ၊ ကြေးညိုရောင်စေတီ၊ သံရောင်စေတီ၊ စကျင် ကျောက်စေတီတို့ဖြင့် ထပ်၍ထပ်၍ ငုံကာတည်ထားခြင်းဖြစ်သည်။

ရွှေကျောက်ဖျာကို ဌာပနာတိုက်၏အပေါ်မှဖုံးအုပ်စေ၍ (၄၄) တောင်အမြင့်ရှိ ရွှေရောင် တဝင်းဝင်းထနေသည့် စေတီကိုတည်ထားခဲ့လေသည်။ ထိုစေတီအပေါ်မှနေ၍ ငွေရောင်စေတီ၊ ထို့နောက် ရွှေနှင့်ကြေးနီရောစပ်ထားသောစေတီ၊ ကြေးညိုရောင်စေတီ၊ သံရောင်စေတီ၊ စကျင် ကျောက်စေတီတို့ဖြင့် ထပ်၍ထပ်၍ ငုံကာတည်ထားခြင်းဖြစ်သည်။

ရာသီဥတု

ယနေ့
24°C
Clear
A
မနက်ဖြန်
24°C
Clear
A