ရွှေတိဂုံစေတီတော်သမိုင်း

မဟာသက္ကရာဇ်၁၀၃ခုနှစ်၊ (BC-588)တွင် ဂေါတမဗုဒ္ဓမြတ်စွာ ဘုရား အဖြစ်သို့ ရောက်တော်မူ ပြီးနောက် သတ္တသတ္တာဟ (၇)ဌာနတွင် လှည့်လည် စံမြန်းတော်မူစဉ် ဥက္ကလာတိုင်းမှ တဖုဿနှင့် ဘလ္လိကအမည်ရှိ ကုန်သည် ညီနောင်တို့သည်ပျားမုန့်ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းကြ၏။ ထို့နောက်ဘုရား ရှင်ထံမှဘုရားရှင် ကိုယ်တိုင်ပေးသနားတော်မူသော ဆံတော်မြတ်ရှစ်ဆူကို ပင့်ဆောင်လျက် ဥက္ကလာပတိုင်းသို့ပြန်လည်ရောက်ရှိခဲ့ရာ ဥက္ကလာပမင်းကြီး အမှူးပြုပြီး တိုင်းသူ ပြည်သားများက ကြိုဆိုပူဇော်ခဲ့ကြသည်။

ဥက္ကလာပမင်းကြီးအမှူးပြုသော ဥက္ကလာပတိုင်းသားများသည် ရှေးယခင် ပွင့်တော်မူပြီးသောကကုသန္ဓဘုရားရှင်၏ တောင်ဝှေးတော်၊ ကောဏာဂမန ဘုရားရှင်၏ ရေစစ်တော်၊ ကဿပဘုရားရှင်၏ ရေသနုတ်သင်္ကန်းတော်တို့နှင့် ဂေါတမဘုရားရှင်၏ ဆံတော်ရှစ်ဆူကို သိင်္ဂုတ္တရကုန်းတော်တွင် ဌာပနာ၍ ဉာဏ် တော်အမြင့် (၆၆)ပေ၊ (၄၄တောင်)- (၂၀မီတာ)ရှိသော ရွှေတိဂုံစေတီတော်ကို တည်ထားပူဇော်ခဲ့သည်။ ပွင့်တော်မူပြီးသော ဗုဒ္ဓဘုရားလေးဆူတို့၏ ဓာတ်တော်၊ မွေတော်များ ကိန်းဝပ်ရာစေတီ ဖြစ်သောကြောင့် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော် ဟု ဘွဲ့အမည်ရသည်။

သတင်းနှင့်ကြေညာချက်များ

ရွှေတိဂုံဘုရားပရဝုဏ်အတွင်း ဧည့်လမ်းညွန်များအဖြစ် လိုက်ပါဆောင်ရွက်ခြင်းများနှင့် ပတ်သက်၍ အသိပေးနှိုးဆော်ချက်

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှတရားဝင် လိုင်စင်ရရှိသူများသာလျှင် ဧည့်လမ်းညွှန်အဖြစ် လုပ်ပိုင်ခွင့်ရှိသည်။ ဧည့်လမ်းညွန့်လုပ်ငန်း ဆောင်ရွက်နေချိန်အတွင်း သက်တမ်းရှိ လိုင်စင်ကတ်ပြားအား မြင်သာအောင် ချိတ်ဆွဲ ထားရမည်။ ရွှေတိဂုံဘုရားပေါ်တွင် အခါအားလျှော်စွာ...

read more
ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဥပ္ပါတသန္တိပရိတ်တော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်-ဇန်နဝါရီလ(၃ ) ။ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဥပ္ပါတသန္တိပရိတ်တော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့ နံနက် ၅ နာရီ ၅၅ မိနစ်တွင်ရွှေတိဂုံစေတီတော်ရင်ပြင် ရာဟုထောင့်ဒေါ်စောမြ တန်ဆောင်း၌ကျင်းပသည်။ အခမ်းအနားသို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏သြ၀ါဒါစရိယ ၊...

read more